မျက်စိစမ်းသပ်ခြင်း

Error message

Deprecated function: Array and string offset access syntax with curly braces is deprecated in include_once() (line 14 of /home/runcloud/webapps/iqeyecare/themes/engines/phptemplate/phptemplate.engine).

အိုင်ကျူဗွီးရှင်း မျက်စိအထူးကုဆေးခန်းကြီးမှ မျက်စိစမ်းသပ်စစ်ဆေးကုသသည့် ၀န်ဆောင်မှုများ

မျက်မှန်ပါဝါစမ်းသပ်သူတိုင်းအား မျက်စိပါဝါအပြင် နောက်ဆုံးပေါ် စက်ကိရိယာများ နည်းပညာများဖြင့် အတွင်းတိမ်၊ ရေတိမ်ရှိမရှိကို တစ်ပါတည်းစစ်ဆေးပေးနေပါသည်။

အတွင်းတိမ်ခွဲစိတ်ကုသရာတွင် အရေးအကြီးဆုံးဖြစ်သည့် မျက်လုံးအတွင်းမှန်ပါဝါ (IOL lens) ကိုလည်း တိကျသေချာပြီး နာကျင်မှုမရှိသည့် နောက်ဆုံးပေါ် Lenstar စက်ဖြင့် တိုင်းတာပေးသည့်အပြင် ခွဲစိတ်ကုသမည်ဆိုပါက နာကျင်မှုမရှိအောင် Phaco လေဆာစက်ကြီးဖြင့် ခွဲစိတ်ကုသပေးပြီး မျက်လုံးအတွင်းမှန်များသည် နေ့/ည မရွေး ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါသည်။ အမြှေးပါးတက်ခြင်းလုံးဝမရှိပါ။ ထို့ကြောင့် နောက်ဆက်တွဲ လေဆာပစ်ရန် မလိုတော့ပါ။

360ံ မြင်ကွင်းအားလုံး ကြည်လင်စေရန်အတွက် နောက်ဆုံးပေါ်နည်းပညာ Aspheric Design ဖြင့်ပြု လုပ်ထားပြီး အပေါ်/အောက် ၊ ဘယ်/ညာ ကြည့်ကြည့် မည်သည့်အချိန်မှ မရွှေ့လျားအောင် ခိုင်ခံသည်။ ဆေးရုံတွင် ညအိပ်စရာ မလို၍ ကုန်ကျစရိတ် ပိုပြီးသက်သာစေပါသည်။ ခွဲစိတ်အထူးကု ဆရာဝန်ကြီးပေါင်း အယောက်(60) ကျော်ဖြင့် နေ့စဉ်မျက်စိခွဲစိတ်မှုများကို ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်ပေးနေပါသည်။

အဝေးမှုန်၊ အနီးမှုန်၊ စလင်ဒါပါဝါဘယ်လောက်များများ အိုင်ကျူဗွီးရှင်းမှ ရာနှုန်းပြည့်အောင်မြင်စွာ လေဆာဖြင့် မျက်စိပါဝါဖျောက်ပေးပါသည်။ နိုင်ငံခြားသို့သွားစရာမလိုပဲ မြန်မာပြည်တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် ကျွမ်းကျင်သော မျက်စိအတူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် ဆောင်ရွက် ပေးသောကြောင့် 100% ယုံကြည်စွာ လေဆာဖြင့်မျက်စိပါဝါဖျောက်နိုင်ပါပြီ။